နာမ်
+ (သက်ရှိသက်မဲ့၊ ဒြပ်ရှိဒြပ်မဲ့)၊ အမည်ဟူသမျှ။ နာမ်ခေါ်ကြပါ။
+ တစ်၁, များ၂, စိတ္တဇ၃၊ အစုပြ၄၊ မှတ်ကြ နက် ၄ ဖြာ။
+ ၁(မောင်မောင် ဧရာ)၊ ၂(လူမြို့စာစောင်)၊ ၃(ပညာအောင်ခြင်း)၊ ၄(အသင်းမိသား)၊ နက်လေးပါး၊ မှတ်သားသာဓကာ။
+ ၁ပင်ကိုယ် ၂ပေါင်းစပ်၊ ၃ကြိယာနာမ် ၄ဂုဏ်ရည်၊ ဖွဲ့စည်းတည်၊ ၄လီမှတ်စရာ။
+ (မေတ္တာမိုးနေ)၊ ပင်ကိုယ်တွေမို့၊ (ရေအိုး လက်စွပ်၊ လူလတ်လူငယ်၊ ထမ်းပိုးလွယ်အိတ်)၊ သိပ်မခက်ပါ၊ ပေါင်းစပ်သာဓကာ။
+ ကြိယာနာမ်အတွက်၊ (အ ခြင်း ချက် မှု၊ ဖွယ်)နက်ပြုသည်၊ ဂုဏ်ရည်ပြမူ၊ ထိုနည်းတူ၊ မှတ်ယူသာဓကာ။
+ ၁ပုလ်္လိင် ၂ဣတ်္တိ၊ ၃နပုန် ၄ဒွိ၊ မှတ်သိလိင်လေးဖြာ။
+ လိင်လေးမျိုးမှာ၊ ၁(အဘိုးအဖေ)၊ ၂(အဘွား မေ မ)၊ ၃(ပေတံ မျက်မှန်)၊ ၄(ငါ ၀တ်ဆံ)၊ မှတ်ပြန်သာဓကာ။
+ ဧက ဗဟု၊ နည်းများမှု၊ မှတ်ပြုကိန်း ၂ ဖြာ။
+ (များ နှင့် တို့ နှင့်၊ များတို့ တို့များ)၊ အသုံးများ၊ မှတ်သားဗဟုမှာ။ ။
နာမ်စား
# နာမ်၏အစား၊ သုံးကာထား၊ နာမ်စားခေါ်ရသည်။
# ၁ပုဂ္ဂလ ၂အညွှန်း၊ ၃မေးခွန်း ၄သင်္ချာ၊ နာမ်စားမှာ၊ ၄ ဖြာကွဲပါသည်။
# ပြောသူ နာသူ၊ ပြောခံသူ၊ မှတ်ယူပုဂ္ဂလီ။
# (ကျွန်တော် ကျွန်ုပ်၊ ကျွန်မ ကျုပ် ငါ)၊ ပြောတတ်ရာတွင်၊
(ခင်ဗျား မင်း သင်၊ ညည်းနှင့်နင်)၊ နာလျှင်နာကာ၊ ပြောခံရာမူ၊ (သင်းနှင့်သူ)၊ မှတ်ယူပုဂ္ဂလီ။
# အညွှန်း (ဤထို၊ ၎င်း ဟို၊ မှတ်ဆို ယင်း နှင့် သည်)။
# အမေး (မည်သည်၊ မည်သူ အဘယ်၊ ဘယ်သူ ဘယ်)၊ မှတ်ဖွယ်ရှိပါသည်။
# ရေတွက်ပြမှာ၊ (ခု ကောင်) ပါ၊ ပမာဏ၀ယ်၊ (အားလုံး အနည်းငယ်)၊ ၂ သွယ်သင်္ချာမည်။ ။
နာမ၀ိသေသန
+ အထူးပြုက၊ ၀ိသေသန၊ ထူးပြုခံရ၊ ၀ိသေသျ၊ မှတ်ကြနာမ၊ ၀ိသေသန။
+ ၁ဂုဏ် ၂ညွှန်း ၃သင်္ချာ၊ ၄အမေးနာ၊ လေးဖြာအနက်ရ။
+ ၁(သော)နှင့်ဆုံးက၊ ဂုဏ်ရည်ပြ၊ ၂(ဤ ထို ယင်း)က၊ အညွှန်းပြ။
+ ၃(ရေတွက် စဉ်ပြ၊ ပမာဏ)၊ သုံးဝသင်္ချာ၊ ၀ိသေသန။
+ (သုံးယောက်သုံးခု)၊ (ဒုကြိမ် မှတ် ၃)၊ (အားလုံး အချို့)၊ မှတ်လို့လွယ်ကူလှ။
+ (ဘယ်လောက် မည်သည့်၊ မည်သို့သော ဘယ်၊ မည်မျှကွယ်)၊ မေးဘွယ်နာမ၊ သာဓက။
+ (ကောင်း မြင့် မြန် ချို၊ ကောင်း နီ ချို)၊ ပင်ကိုယ်နာမ၊ ဖွဲ့စည်းကြ။
+ (ယဉ်ကျေး ပျော့ပြောင်း၊ သတ်္တိကောင်း)၊ ပေါင်းစပ်နာမ၊ တည်ဆောက်ကြ။
+ (သာမန် သာလွန်၊ အသာလွန်ဆုံး)၊ မှတ်ဦးသုံးဝ၊ အဆင့်နာမ။ ။
ကြိယာ
# ပြုခြင်း ဖြစ်ခြင်း၊ ရှိခြင်းဖြစ်စေ၊ ပြပုဒ်တွေ၊ ခေါ်လေကြိယာ။
# (ရေး ဖတ် စား) က၊ ပြုခြင်းပြလျှက်၊ (ဖြစ် ပြို ကျက် နီ)၊ ဖြစ်ခြင်းမည်ကာ၊ (တည်ရှိ နှင့် ရှိ)၊ ရှိခြင်းကြိ၊ မှတ်သိနက် ၃ ဖြာ။
# (ရေး ဖြစ် ကစား)၊ မှတ်သားပင်ကိုယ်၊ (သာယာ ချို လှ)၊ ဂုဏ်ရည်ပြမည်၊
(စားသောက် ဆေးခြယ်)၊ ပေါင်းစပ်သွယ်၊ မှတ်ဖွယ်ဖွဲ့သုံးကြိယာ။ ။
ကြိယာဝိသေသန
+ အထူးပြုက၊ ၀ိသေသန ... ။ ထူးပြုခံရ၊ ၀ိသေသျ .... ၊ မှတ်ကြကြိယာဝိ။
+ အနက် ဓိပ္ပါယ်ရ၊ ၁ချိန်ပြ ၂မူရာ၊ ၃ခြေနေ ၄ပမာ၊ ၅မေးပါ ငါးဖြာရှိ။
+ အချိန်ပြတွက်၊ (ယနေ့ နက်ဖြန်၊ သဖက်ခါ ယခု၊ အခု မကြာခင်၊ အစဉ် ... )စသည်သိ။
+ မူရာပြကို၊ (တရိုတသေ .....)၊ ခြေနေပြမှာ၊ (သည်းထန်စွာ .... )၊ ပမာဏ၀ယ်၊ (အနည်းငယ်)၊ သိဖွယ်များစွာရှိ။
+ (မည်မျှ မည်သို့၊ မည်ကဲ့သို့)၊ မေးစို့ ကြိယာဝိ။
+ ၁နှစ်ကြိမ်ထပ်လျှက်၊ ၂ပစ္စည်းဆက်၍၊ ၃လိုက်ဖက်ကာရန်၊ ဤသုံးတန်၊ မှတ်ရန် ဖွဲ့တည်မိ။
+ နှစ်ကြိမ်ထပ်တွင်၊ (လျင်လျင်မြန်မြန်၊ မြန်မြန်ပိုပို၊ ချိုချိုသာသာ)သိ။
+ ပစ်္စည်းဆက်က၊ “အလှ” “တရွေ့ရွေ့” ၊ “မဆန်းတဆန်း”၊ “ခပ်မြန်မြန်”နှင့်၊ “တရကြမ်း” ပါ၊ “စွာ” ဟု များစွာရှိ။
+ ကာရန်လိုက်သည်၊ (နီတီတီနှင့်၊ စီရရီ သာ၊ ဆာတာတာ)၊ မှတ်ပါကြိယာဝိ။
+ သာမန် သာလွန်၊ အသာလွန်ဆုံး၊ မှတ်ဦး ကြိဝိ၊ သုံးဆင့်ရှိပါ၏။ ။
ဝိဘတ်
# နာမ်နှင့်နာမ်စား၊ နောက်မှသွား၍၊ ကတ္တားဖြစ်သည်၊ ကံဖြစ်သည်နှင့်၊ ကြိယာနောက်က၊ ကာလမျိုးစား၊ ဝေပိုင်ခြား၊ စကားဝိဘတ်မည်။
# နာမ်ဝိဘတ်မှာ၊ ၁ကတ် ၂ကံ ၃ထွက်ခွာ၊ ၄ရှေးရှုရာနှင့်၊ ၅ဆိုက်ရာ ၆သုံးခံ၊ ၇ကြောင်း ၈လက်ခံကာ၊ ၉နေရာ ၁၀အချိန်တွင်၊ ၁၁ပိုင် ၁၂လိုက် ၁၃ယှဉ်တွဲ၊ ၁၄ခွဲ ၁၅ရည်စူးချက်၊ ၁၆နေရာဆက်တိုက်၊ ၁၇ချိန်ဆက်တိုက်တဲ့၊ မှတ်ထိုက်ဆယ့်ခွန်အလီလီ။
# ကတ် (သည် က မှာ)၊ ကံ (ကို) ပါ၊ ထွက်ခွာ (မှ က)၊ ရှေးရှူပြ၊ မှတ်ကြ (သို့) ဟုရှိပါသည်။
# ဆိုက်ရာ (သို့ ထိ၊ အထိ ထိအောင်၊ သို့တိုင်အောင်) နှင့်၊ သုံးခံ (ဖြင့် နှင့်)၊ ကြောင်း (ကြောင့် ဖြင့်)၊ လက်သင့်ခံ (အား) ရှိပါသည်။
# ၀ိနေရာပြ၊ အချိန်ပြလျှင်၊ (၌မှာတွင်ဝယ်က)၊ ပိုင်ဆိုင်ပြသည့်၊ အက္ခရာ (၏)၊ သိရှိပြီးလည်းဖြစ်ပါမည်။
# လိုက်လျောပြက၊ (အရ အလိုက်၊ အထိုက်အလျောက်၊ အတိုင်း အားလျော်၊ စွာ) တွဲသော်၊ မှတ်နော်လွယ်ကူလှပါသည်။
# ယှဉ်တွဲပြမူ၊ (နှင့် အတူနှင့်၊ နှင့်အညီ နှင့်အမျှ)၊ ခွဲထုတ်ပြလဲ၊ (တွင် အထဲမှ၊ အထဲမှာ အနက်)၊ ဆက်ဆက်ကျက်ရင်ရပါမည်။
# ရည်စူးချက်မှာ၊ (အလို့ငှာ၊ ငှာ ဖို. အတွက်၊ အဖို့) ကျက်ကာ၊ နေရာဆက်တိုက်၊ ချိန်ဆက်တိုက်တွက်၊ သိထိုက် (တိုင်တိုင်၊ တိုင်အောင် ပတ်လုံး၊ လုံးလုံး)ဟူ၍၊ မမေ့သင့်တာရှိကြပြီ။
# ကြိယာဝိဘတ်၊ ၂ မျိုး တွက်က၊ ကာလပြမှာ၊ ပစ် တိတ် နာ သည်၊ ပစ် (သည်၏ပြီ) ..၊ တိတ်(သည်၏ပြီ)၊ နာ (လိမ့်မည် လတ္တံ့၊ အံ့ နှင့် မည်)။
# မျိုးစားပြရာ၊ ကြိယာဝိဘတ်၊ တစ်မျိုးမှတ်တော့၊ (စေခိုင်း-လော့ မှ၊ ညှိ- စို့ ရအောင်၊ ဆန္ဒ-ပါစေ၊ မိန့်ချ-စေ၊) ၄ ထွေမှတ်ဦးမည်။ ။
သမ္ဗန္ဓ
+ ပုဒ်အချင်းချင်း၊ ၀ါကျချင်းနှင့်၊ ချင်းချင်း ဓိပ္ပါယ်၊ ဆက်စပ်သွယ်၊ ခေါ်ကွယ်သမ်္ဗန်္ဓ။
+ ပုဒ်ဆက် ၀ါဆက်၊ ဓိပ်္ပါယ်ဆက်၊ ဆပ်စပ်သုံးဝ၊ သမ်္ဗန်္ဓ။
+ ပုဒ်ဆက်မျိုးစား၊ (မှတပါး သို့မဟုတ်၊ နှင့် လဲဟုတ်ပေ၊ ဖြစ်စေဖြစ်စေ)၊ ၀ါကျတွေဆက်၊ (လျှင် ၍ လျှက်လို့၊ သကဲ့သို့နှင့်၊ နှင့် တပြိုင်နက်)၊ ဓိပ္ပါယ်ဆက်တွင်၊ (သို့ရာတွင်၊ ထို့ပြင် ထိုအခါ၊ ထို့ကြောင့်သာ)၊ မှတ်ရာသမ်္ဗန်္ဓ။
+ ၁ဆန့်ကျင့် ၂ချိန်ပြ၊ ၃ကျိုးမျှော်ပြနှင့်၊ ၄ကြောင်းပြ ၅နှိုင်းယှဉ် (ယှီး)၊ ၆ပေါင်းစည် ၇ရွေးချယ်၊ ၈ကန့်သတ်ချက်(ချယ်)ပြ၊ ၉ကန့်မဲပြလျှက်၊ ၁၀တပြိုင်နက်ဟု၊ ၁၁တစ်ခုပြီးတစ်ခု၊ တစ်ခုတစ်ကျိပ်၊ နက်ဓိပ္ပါယ်ရ၊ သမ္ဗန္ဓ။
+ ဆန့်ကျင်ပြမှာ၊ (လျက် စေကာမူ၊ သို့ရာတွင် သော်လည်း၊ မမှတ်ဘဲ)၊ အမြဲ မှတ်မရ။
+ အချိန်ပြနိုင်၊ (နှင့် တပြိုင်နက်၊ မတိုင်မီက၊ တိုင်း ရင်း မှ)၊ မှတ်မှ အမှတ်ရ။
+ အကျိုးမျှော်မှန်၊ (အောင် ဖို့ ရန် မှာ၊ ရန် အလို့ငှာ၊ ကြောင်းပြမှာ (နှင့်၊ ၍ သဖြင့် မို့၊ ထို့ကြောင့်) သိမှရ။
+ နှိုင်းယှဉ်ပြတွက်၊ (သလို ထက်နဲ့၊ သကဲ့သို့) လျှင်၊ ပေါင်းစည်းတွင်မူ၊ (အပြင် လည်း.. လည်း..၊ သာမက လည်း၊ နှင့်) လည်းသုံးလို့ရ။
+ ရွေးချယ်ပြယုတ်၊ (သို့မဟုတ်) မှတ်၊ ကန့်သတ်ချက်ပြ၊ (လျှင် မှ က )တဲ့၊ ကန့်သတ်မဲ့သော်၊ (ဖြစ်စေ သော်လည်းကောင်း)၊ ထပ်လောင်းသုံးတတ်ကြ။
+ တစ်ပြိုင်နက်မှာ၊ (လျှက် ကာ ရင်း) ပြီး၊ တစ်ခုပြီးတစ်ခု၊ (ကာ ၍) ပြု၊ မှတ်စုထုတ်ထားကြ။ ။
ပစ္စည်း
# နာမ် နာမ်စား နာ၊ ကြိယာနှင့်၊ ယာဝိတို့အား၊ ထူးခြားလေးနက်၊ ကူထောက်စွက်သော်၊ ပစ္စည်းခေါ်၏။
# နာမ်နှင့်ကြိယာ၊ ပုဒ်ပြောင်းပါ၊ သုံးဖြာပစ်္စည်းရှိ။
# ပစ္စည်းနာမ၊ န၀မကား၊ ၁မျိုးပြ ၂လိင်ညွှန်း၊ ၃ကိန်းညွှန်း ၄သင်္ချာ၊ ၅နာမ်ထောက် ၆ဥပမာ၊ ၇ရူပကာနှင့်၊ ၈အာလုပ် ၉၀ိစ္ဆာသိ။
# မျိုးပြပစ္စည်း၊ (ပင် ယောက် နည်း ခု)၊ ပစ္စည်းလိင်ကို၊ (သား သူ ဖို မ၊ ဦး ဒေါ်)ပြလို့၊ ကိန်းညွှန်း(တို့ များ)၊ မှတ်ကာထား၊ ကြိုးစားကျက်ရင်သိ။
# သင်္ချာလေးနက်၊ ပစ္စည်းတွက်က၊ (ခန့် ကြိမ် ကျစီ၊ မြောက်)စသည်ပါ၊
နာမ်ထောက်(သာလျှင်၊ တော့ ပါ လည်း များ)၊ မှတ်ကာထား၊ ကြိုးစားကျက်ရင်သိ။
# ဥပမာဆို၊ (ကဲ့သို့ လို နှယ်၊ အတိုင်း) သွယ်ရ၊ ရူပကသဘော၊ (တည်း ဟူသော)ကို၊
အာလုပ်ဆိုရင်၊ (ဟယ် ဟေ့ ခင်ဗျာ)၊ ၀ိစ္ဆာ (တကာ၊ တိုင်း အရွာရွာ၊ မှတ်ကာကြိုးကျက်သိ။
# အမေးပစ်္စည်း၊ (လော လား နည်း လဲ၊ တုံး) နှင့်တွဲရ၊ ကိန်းညွှန်း(ကြကုန်၊ ကြနှင့် ကုန်)ကာ၊ ကြိယာထောက်မှာ၊ (မိ ၀ံ့ ပါ ခဲ့၊ နိုင် ချည်း သာပင်)၊ သုံးရင်လဲရ၊ အငြင်းပြက၊ (မ နှင့် မ-ဘူး)၊ ၀ါကျနောက်(ပေါ့၊ ကွယ် နော် ပေါ့ လေ)၊ မှတ်ကြလေ၊ သိလေအကျိုးရှိ။
# နာမ်ပုဒ်ပြောင်းက၊ (ခြွင်းချက် အ-အ၊ မှု အ စရာ)၊ နာမ၀ိသေ၊ ပုဒ်ပြောင်းလေဘိ၊ (သော သည့် မည့်)မို့၊ ကြိယာဝိမှာ၊ ပုဒ်ပြောင်းပါသော်၊ (စွာ အ တ-တ၊ ရ ချည် မေ့ချည်) ၊ ကျက်ကြမည်၊ ဇွဲသည်အဓိက(အဓကိ)။ ။
+++++++++++