Thursday, August 5, 2010

THE ARROW AND THE SONG မြားနှင့်သီချင်း









THE ARROW AND THE SONG


I shot an arrow into the air __
It fell to earth, I knew not where;
For, so swiftly it flew, the sight
Could not follow it in its flight.


I breathed a song into the air,
It fell to earth, I knew not where;
For, who has sight so keen and strong,
That it could follow the flight of song?


Long, long afterward, in an oak
I found the arrow, still unbroke;
And the song, from beginning to end,
I found again in the heart of a friend.
[Henry Wadsworth Longfellow]


shot = ရှော့(တ်) earth = အက်သ် breathed = ဘရက်သ်ဒ် swiftly= ဆွက်ဖ်လီး follow = ဖဲလိုး flight= ဖလိုက်(တ်) strong = စ်တ်ရောင်း afterward = အဖ်တာဝက်ဒ် oak = အုတ်ခ် found = ဖောင်း(ဒ်) unbroke = အန်ဘရုတ် beginning = ဘီဂင်းနင်း
Henry Wadsworth Longfellow
ဟင်နရီ ၀က်(စ်)ဝေါ့သ် လောင်းဖဲလိုးဖဲလ်ကင်းန်




မြားနှင့်သီချင်း


လေထဲကိုကျွန်တော် မြားတစ်စင်းပစ်ခဲ့မိ၊
မြေပေါ်သို့သူပြန်ကျသွား ဘယ်ဆီနား ကျွန်တော်မသိ။
သူပျံတာမြန်လွန်းတဲ့အတွက် မြင်ကွင်းက၊
သူ့ရဲ့ပျံသန်းမှုမှာ သူ့ကို လိုက်မမှီနိုင်ခဲ့ရ။


လေထဲကိုကျွန်တော် သီချင်းတစ်ပုဒ်ရှူထုတ်ခဲ့မိ၊
မြေပေါ်သို့သူပြန်ကျသွား ဘယ်ဆီနား ကျွန်တော်မသိ။
အလွန်ထက်သန်ပြီး ထက်မြက်တဲ့အမြင်ရှိသူအတွက်ကား၊
ဒါတွေက သီချင်းရဲ့ပျံသန်းမှုကို လိုက်မှီနိုင်မှာလား။


အကြာကြီး ကြာပြီးနောက် ၀က်သစ်ချပင်တစ်ပင်အတွင်းမှ၊
မြားကို မကျိုးပဲ့သေးဘဲ ကျွန်တော်ပြန်တွေ့ရ။
ပြီးတော့ သီချင်းကိုလည်း အစမှအဆုံးအထိ၊
သူငယ်ချင်းတစ်ယောက်ရဲ့နှလုံးသားထဲမှာ
ကျွန်တော်ပြန်တွေ့ရှိ။ ။


Words and Phrases for "THE ARROW AND THE SONG"
“မြားနှင့်သီချင်း” Poem စကားပြေပြန်ရန်အတွက်စကားလုံး စကားတွဲများ
swiftly = quickly = rapidly = too fast = လျင်မြန်စွာ။
pace = keep in pace with = follow = အမှီလိုက်သည်။
breathed = sing = sang = အသက်ရှူခဲ့သည်၊ သီချင်းဆိုခဲ့သည်။
keen = sharp = စူးရှသော၊ထက်မြက်သော၊စိတ်ထားထက်သန်သော။
float away = လွင့်မျောသွားသည်။
faded away = disappear = တဖြည်းဖြည်းနှင့်ပျောက်ကွယ်သွားသည်။
echo = resound = ပဲ့တင်ထပ်သည်၊ အသံထပ်သည်၊ ပဲ့တင်သံထပ်သည်။
sensible = can be known = သိမြင်တွေးတော၊ဆင်ခြင်ဆုံးဖြတ်နိုင်သော။
broke = ကျိုးပဲ့သည်။ unbroke = unbroken = မကျိုးပဲ့သေးသော။
linger = စွဲမြဲကျန်ရစ်သည်၊ လေးကန်သည်၊ ဖင့်နှေးသည်။
His eyes couldn't fellow... သူ့မျက်စိကလိုက်မမှီနိုင်ခဲ့။
he did not know...သူမသိခဲ့။ he wanted to know... သူသိချင်ခဲ့။


Henry Wadsworth Longfellow (February 27, 1807 – March 24, 1882) was an American educator and poet whose works include “Paul Revere’s Ride”, The Song of Hiawatha, and “Evangeline”. He was also the first American to translate Dante Alighieri’s The Divine Comedy and was one of the five Fireside Poets.




Longfellow was born in Portland, Maine, then part of Massachusetts, and studied at Bowdoin College. After spending time in Europe he became a professor at Bowdoin and, later, at Harvard College. His first major poetry collections were Voices of the Night (1839) and Ballads and Other Poems (1841). Longfellow retired from teaching in 1854 to focus on his writing, living the remainder of his life in Cambridge, Massachusetts, in a former headquarters of George Washington. His first wife, Mary Potter, died in 1835 after a miscarriage. His second wife, Frances Appleton, died in 1861 after sustaining burns from her dress catching fire. After her death, Longfellow had difficulty writing poetry for a time and focused on his translation. He died in 1882.
Longfellow predominantly wrote lyric poems which are known for their musicality and which often presented stories of mythology and legend. He became the most popular American poet of his day and also had success overseas. He has been criticized, however, for imitating European styles and writing specifically for the masses.




သီချင်းတပုဒ်ကမြားတစင်းဖြစ်ပါစေ

ဆရာ။ ။ ဒီ "The Arrow And The Song" Poem နဲ့ သဘောချင်းတူတဲ့ သီချင်း တပုဒ်ရှိတယ်၊ မင်းတို့သိကြလား...။
ဆောင်းဦး။ ။ သိတယ် ဆရာ။ ထူးအိမ်သင် ရဲ့ ““သီချင်းများနဲ့လူ””
ဆရာ။ ။ ဒါဆို အဲ့ဒီသီချင်း ဘယ်သူရသလဲ ဟေ့။ ဆောင်းဦး၊ သမီးရလား၊ ဆိုပြပါလား။
အားထန်။ ။ ကျွန်တော်ဆိုပြမယ်ဆရာ။ ရေးတဲ့သူက မောင်သစ်မင်း၊
ဆိုထားတဲ့သူက ထူးအိမ်သင်။


သီချင်းများနဲ့လူ

(၁) အလှတရားများ ထွန်းကားဖြန့်ကျက်ဖို့၊ အနှောက်အယှက်ရှိသမျှခွင်းပစ်ဖို့
သီချင်းတပုဒ်ကမြားတစင်းဖြစ်ပါစေ။
(၂) လောဘဆူးငြောင့်ဆူးခက်တို့၊ ခရီးသွားလမ်းတလျှောက်ရှင်းပစ်ဖို့
သီချင်းတပုဒ်ကဓားတလက်ဖြစ်ပါစေ။
++ (သီချင်းများနဲ့လူ ဒီကမ္ဘာကို အကြင်နာပို ကာကွယ်နိုင်ပါစေသားကွယ်။
သီချင်းနဲ့လူ ဒီကမ္ဘာကိုသာယာလာအောင် ကူညီနိုင်ပါစေသားကွယ်။)
(၃) ဒီလောကကြီးအမြဲလှပဘို့၊ နှလုံးသွေးပေးဆပ်ပြုစုဖို့
သီချင်းတပုဒ်ကြောင့်ပန်းတခင်းဖြစ်ပါစေ။
(၄) မြူခိုးဆီးနှင်းတို့ကျတဲ့ခဏ၊ ကြယ်ကလေးများမလင်းတဲ့ လမိုက်ည
သီချင်းတပုဒ်ကြောင့်အလင်းတန်းဖြစ်ပါစေ။
++ ( )
(၅) ခွန်အားများကင်းမဲ့စိတ်ဓာတ်ကျ၊ ခေါင်းငုံ့ဒူးထောက် မျက်ရည်ဝဲတဲ့ဘ၀၊
သီချင်းတပုဒ်ကြောင့်အင်းအားသစ်ဖြစ်ပါစေ။
(၆) လူသားရဲ့အတ်္တ အစွန်းမရောက်ဖို့၊ ဒေါသမီးတို့ငြိမ်းအေးဖို့
သီချင်းလေးတပုဒ်နူးညံ့ပျော့ပျောင်းစေ။
++ သီချင်းများနဲ့လူ ဒီကမ္ဘာကို အကြင်နာပို ကာကွယ်နိုင်ပါစေသားကွယ်။
(သီချင်းနဲ့လူ ဒီကမ္ဘာကိုသာယာလာအောင် ကူညီနိုင်ပါစေသားကွယ်။)၂
(၁)
(၄)
++ ( )၃
++++++++

No comments:

Post a Comment