Wednesday, August 4, 2010

Bridges တံတားများ






BRIDGES
I like a bridge —
Any kind of bridge at all.
A great steel bridge
With towers stiff and tall;
An old covered bridge
That spans a waterfall;
A hewn-stone bridge
With its rugged floor and wall;
A railroad bridge
Where freight trains slowly crawl;
A wooden bridge,
A cement bridge,
Whether big or small;
Yes, I like a bridge ___
Just any kind of bridge at all.
James S. Tippett
Bridges = ဘရေ့ဂျ(စ်) bridge = ဘရေ့ဂျစ် steel = စတီးရယ်လ် stiff = စတပ်(ဖ်) covered = ကာဘာရက်ဒ်
towers = တာဝပ်စ် spans= စပန်းစ waterfall= ၀ါးတားဖောလ်
hewn-stone = ဟရွန်း-စတုန်း
rugged floor = ရပ်ဂျစ်ဒ်ဖလိုးဝါး
freight trains = ဖရိတ်ထရိန်း
wooden = ၀ိုးဒင်း cement = စိမန်းတ် Whether = ၀ှဲသား railroad = ရေးလ်ရုဒ် kind = ခိုင်းဒ် Just = ဂျတ်စ်
James S. Tippett = ဂျိမ်းစ် အက်စ် တစ်ပက်တ်


တံတားများ
ကျွန်တော်နှစ်သက်တာ တံတားတစ်ခု၊
နောက်ဆုံးတော့ ဘယ်လိုတံတားမျိုးကိုမဆို ပါပဲ။
ကြီးမားတဲ့သံမဏိတံတားတစ်ခု၊
တောင့်တင်းပြီး ရှည်မြင့်တဲ့မျှော်စင်များနဲ့အတူပဲ။
အိုမင်းမှုဖုံးလွှမ်းထားတဲ့တံတားတစ်ခု၊
ရေတံခွန်တစ်ခုကိုကျော်ကူးလို့ပဲ။
ခုတ်ထစ် ပိုင်းဖြတ် ကျောက်တံတားတစ်ခု၊
သူ့မှာလဲ မညီမညွတ် ကြမ်းပြင်နဲ့ နံရံတွေနဲ့ပဲ။
ရထားသံလမ်း တံတားတစ်ခု၊
အဲဒီမှာ ကုန်တင်ရထားတွေ တရွေ့ရွေ့တဖြေးဖြေးပဲ။
သစ်သားတံတားတစ်ခု၊
အင်္ဂတေတံတားတစ်ခု၊
ကြီးကြီး သို့မဟုတ် သေးသေး ဘာပဲဖြစ်ဖြစ်ပဲ။
ဟုတ်ကဲ့ ကျွန်တော်နှစ်သက်တာ တံတားတစ်ခု၊
နောက်ဆုံးတော့ဘယ်လိုတံတားမျိုးမဆိုအတိအကျပါပဲ။ ။
(မူရင်းPoem ကာရန်ယူပုံအတိုင်းမြန်မာပြန်ကဗျာကိုကာရန်ယူစပ်ဆိုပါသည်။)

Words & Phrases for Paraphrasing "Bridges"
တံတားများ စကားပြေပြန်ရန်အတွက်စကားလုံးစကားတွဲများ။
like = fond of = affinity = နှစ်သက်စွဲလန်းသည်။
built of ___ = ___ ဖြင့်တည်ဆောက်သည်။
built of steel = သံမဏိ ဖြင့်တည်ဆောက်သည်။
stiff = strong and high = တောင့်တင်းမြင့်မားသော။
well-built = အခိုင်အခံ့တည်ဆောက်ထားသော။
span = around = အစမှအဆုံးအကွာအဝေး၊ပေါင်းကူးသည်။
reach = ရောက်သည်။ cross = ဖြတ်သည်။
hewn-stone = cut into shapes = ခုတ်ထစ်ပုံဖေါ်ထားသော
ကျောက်တုံး၊ ကျောက်ဆစ်။
different shapes and sizes = ပုံသဏ္ဍာန်နှင့်အရွယ်အစား မတူသော။
hewn-stone bridge = ကျောက်ဆစ်တံတား။
rugged = rough = ကြမ်းတမ်းသော၊မညီညာသော။
freight trains = heavy cargo train = ကုန်တင်ရထား။
freight = transport goods
crawl = pass slowly = တရွေ့ရွေ့တဖြေးဖြေး။
whether = even if = ဘာပဲဖြစ်ဖြစ်ပဲ။ Just = အတိအကျ။
either big or small = ကြီးကြီး သိုမဟုတ် သေးသေး။

James Sterling Tippett (September 7, 1885– 1958) was an American educator and children’s writer.After graduating from high school, Tippett began teaching high school, and attended the University of Missouri during summer breaks.In 1918 he become principal of Peabody Demonstration School. In 1922, he began writing children’s books. The Singing Farmer, his first book, was inspired by a classroom farm exhibit. It was published in 1927. His works include: I Live in a City (1927), I Go A-Traveling (1929), I Spend the Summer (1930), Busy Carpenters (1930), Toys and Toymakers (1931), A World to Know (1933), Henry and the Garden and Stories about Henry (1936), Shadow and the Stocking (1937), Sniff (1937), Counting the Days (1940), and Abraham Lincoln (1951), as well as a series called Understanding Science.
Tippett moved with his wife Martha to Chapel Hill, North Carolina, in 1939. There he served as a visiting professor of education at the University of North Carolina at Chapel Hill until his death in 1958. In 1972 his name was added to the North Carolina Educational Hall of Fame.

Real Dialogue bridge
ဆရာ။ ။ တပည့်တို့ရော ဘယ်လိုတံတားမျိုးတွေကြိုက်ကြသလဲ..ဟေ့။
တပည့်များ။ ။ ကျွန်တော်က ဆင်ဖြူရှင် တံတား။
ကျမ က ရွာက ချောင်းကူးဝါးတံတားလေး။
အနော်က ကြိုးတံတား၊ မီးမီးက London Bridge!
စံပီး။ ။ ကျွန်တော်က မေတ္တာပေါင်းကူးတံတား။
အောင်ပွင့်။ ။ ကျွန်တော်ကတော့ ငြိမ်းချမ်းရေးတံတား။
နှင်းနှင်းခိုင်။ ။ ကျမကတော့ ချစ်ကြည်ရေးတံတား။
(ကျောင်းသူကျောင်းသားများဝိုင်းရီကြ)
ဆရာ။ ။ မင်းတို့ ၃-ယောက်ရဲ့တံတားတွေက ပိုအဆင့်မြင့်တယ်ဟေ့..။ အဆင့်မြင့်လွန်းလို့ ဆရာတောင် မမြင်ရဘူး၊....။
(ရီသံများ)
ခိုင်ထန်း။ ။ ဟဲဟဲ...ဒါဆိုကျွန်တော်ပြောကြည့်မယ်...ဆရာ။
ဟိုဟို..ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဒေါ်အောင်ဆန်းစုကြည်။
-------------
ဆရာ။ ။ ခိုင်ထန်း၊ ရဲရဲပြောလေ...။ ဒီစာသင်ခန်းက မြန်မာပြည်ထဲက စာသင်ခန်းမဟုတ်ဘူး။ အိန်္ဒိယနိုင်ငံ နယူးဒေလီမြို့ထဲက Prospect Burma စာသင်ခန်း၊ တို့အတွက် ဘာမှအန္တရာယ်မရှိဘူး၊ ရဲရဲသာပြော။
ခိုင်ထန်း။ ။ မြန်မာပြည် ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ရရှိဖို့အတွက်၊ တပြည်လုံး
ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့အတွက်ဆိုရင် အခုနောက်ဆုံးအရေးကြီးဆုံး လိုအပ်နေတာ
ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ရဲ့ နအဖ စစ်အစိုးရ စစ်အုပ်စု၊ ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်တဲ့ NLD နဲ့ တိုင်းရင်းသားပေါင်းစုံ ကိုယ်စလှယ်တွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်
အစစ်အမှန်တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးတံတား ပါဘဲ ဆရာ။
(လက်ခုပ်တီးသံများ)
ဆရာ။ ။ ဒါဆို မင်းတို့က ““ဟုတ်ကဲ့ ကျွန်တော်နှစ်သက်တာ တံတားတစ်ခု၊
နောက်ဆုံးတော့အစစ်အမှန်တွေ့ဆုံဆွေးနွေးရေးတံတားအတိအကျပါပဲပေါ့။
အားလုံး။ ။ ဟုတ်တာပေါ့ ဆရာရယ်..။
(ကျောင်းသူကျောင်းသားများဝိုင်းရီမောလက်ခုပ်တီးသြဘာပေးကြ)။
ခိုင်ထန်း။ ။ Yes, We like a bridge ___
Just any kind of "Real Dialogue bridge" at all.
++++++++++++++++

No comments:

Post a Comment