Wednesday, August 11, 2010

The Quiet Life







The Quiet Life
Happy the man, whose wish and care
A few paternal acres bound,
Content to breath his native air
In his own ground.
Whose herds with milks, whose fields with bread,
Whose flocks supply him with attire;
Whose trees in summer yield him shade,
In winter, fire.
Blest, who can unconcern’dly find
Hours, days and years, slide soft away
In health of body, peace of mind
Quiet by day.
Sound sleep by night, study and ease
Together mix’d; sweet recreation,
And innocence, which most does please
With meditation.
Thus let me live, unseen, unknown;
Thus unlamented let me die;
Steal from the world, and not a stone
Tell where I lie.
A.POPE

ငြိမ်းချမ်းသောဘဝ

ပျော်ရွှင်သောထိုသူပါ . . . သူရဲ့ဆန္ဒနှင့်သောက
ဘိုးဘွားမိဘထားခဲ့ရာ အနည်းငယ်မြေဧက။
သူ့ဇာတိလေသာရှူရှိုက်ဖို့ရာ တင်းတိမ်ရောင့်ရဲစွ၊
သူရဲ့ကိုယ်ပိုင်မြေပေါ်မှ။

သူ့ကျွဲနွားအုပ်များ နို့စားဖို့ဆိုပါလျှင်၊ သူ့မြေပြင်များကား ပေါင်မုန့်များပင်။
သူ့သိုးငှက်အုပ်များ ၀တ်ထည်ထောက်လျှင်
သူ့သစ်ပင်များသူ့ကို နွေမှာအရိပ်ပေး၊
ထင်းမီးပေးဆောင်းခါတွင်။

နာရီများ နေ့များနှင့် နှစ်များအား
နူးညံ့ပျော့ပျောင်း လျှောတိုက်နိုင်သူများ။
ကိုယ်မူကျန်းမာ စိတ်မှာငြိမ်းအေး
ကောင်းကျိုးပေးကြောင်း ကြောင့်ကြဝေးစွာတွေ့နိုင်သား။

နေ့မှာနေငြိမ်ဆိတ်နဲ့ ကောင်းကောင်းအိပ်ညမှာ
လေ့လာသင်ကြားလျက် ... သက်သာစွာနေနားကာ။
ချိုမြစွာပန်းဖြေမှုနဲ့ ရိုးသားမှုအတူရောပါ
မှတ်ရှုရာဆင်ခြင်တရားနှင့် အဆုံးစွန်ပျော်ရွှင်ကြရမှာ။

ဤသို့ဖြစ်လျှင် လူမမြင်မသိစွာလေ ကျွန်ုပ်နေပါရစေ ..
ဤသို့ဖြစ်လျှင် လွမ်းဆွတ်ပူပန်မခံရစွာလေ ကျွန်ုပ်သေပါရစေ။
ကမ္ဘာမြေမှခိုးဝှက်ထွက်ပြီး ကမ္ဗည်းကျောက်တိုင်တစ်ခုမပိုင်ပဲ
ဘယ်နေရာမှာ ကျွန်ုပ်လဲလျောင်းရမည် ...ပြောပါလေ။ ။

Words and Phrases for Paraphrasing THE QUITE LIFE
wish = desire = လိုအင်ဆန္ဒ။ bound = limit=ကန့်သတ်သည်။
care = worry = သောက၊ စိုးရိမ်ကြောင့်ကြမှု။
ground = land = မြေ။ fire = firewood = ထင်း။
un'concern'dly = without worrying = စိုးရိမ်မှုမရှိဘဲ
happy is he = he is happy peace = quite = ငြိမ်ဆိတ်ခြင်း။
quite =quitely =တိတ်ဆိတ်စွာ။ soft = softly = နူးညံ့ပျော့ပျောင်းစွာ
ease = recreation = အလုပ်မှနားခြင်း၊ အပန်းဖြေခြင်း။
study = work = အလုပ်။ stone = tombstone = သင်္ချိုင်းကမ္ဗည်းတိုင်။
please with = agree with = သင့်သော၊ ကျေနပ်သော၊


A Pope ရေ..... အမျှ အမျှ အမျှ....
တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာမှာ The Quiet Life ဆိုတဲ့ Poem ကို ရွေးထား
တယ်။ ဒါကြောင့် The Quiet Life နဲ့ အဲ့ဒီ Poem ကိုရေးတဲ့ စာတွေ၊ ဆောင်းပါးတွေကို အကြောင်း အလျင်း သင့်သလို သတိထားရ၊ ဖတ်ရ၊ ရှာရတာပေါ့။ Quiet Life Poem ဟာတော်တော်ကောင်းပါတယ်။ အဓိပ္ပါယ် လေးနက်သလို ကာရံယူပုံကောင်း ၊ စကားလုံးဝေါဟာရထိထိမိမိနဲ့ ကျက်လို့ ဆိုလို့လည်း ကောင်းတယ်။ ဒီ Poem ကို ယခင်တုံးကလည်း ၁၀ တန်းမှာ ပြဋ္ဌာန်းဘူးပါတယ်။ ဒါကြောင့် ဒီ Poem နဲ့ပက်သက်ပြီး တော်တော်များများ ရေးကြဘူးပါပြီ။
English For All စာစောင် ၁၉၉၂၊ ဒီဇင်ဘာလထုတ်မှာ ဆရာကြီးဦးတက်တိုး က “အင်္ဂလိပ်ကဗျာအချို့အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့မူရင်းအတိုငှ်း Solitude လို့ အမည်တပ်ပြီး
Poemနဲ့ ကဗျာရေးသူ Poet = A.Pope, Alexander Pope အကြောင်း မိတ်ဆက်ရေးသား
ထားပါတယ်။
ဆရာမောင်သာနိုးရဲ့ "Tenth Standard English Poem " “ဆယ်တန်းအင်္ဂလိပ်ကဗျာ” စာအုပ်မှာလည်း အဲ့ဒီ Quiet Life Poem နဲ့ Alexander Pope အကြောင်းတွေ ဖတ်ရပါတယ်။
ဒီဆရာကြီးနှစ်ယောက်စလုံးကပဲ A Pope ဟာ ၁၆၆၈ဖွား ၁၇၄၄မှာကွယ်လွန်။ အရုပ်ဆိုးဆိုး ခါးကုန်းကုန်း ပုပုကွကွ ပိန်ပိန်ပါးပါး လူစဉ်မမှီ မျက်နှာပေါက်ဆိုးဆိုး နှုတ်ဆိုးဆိုး
လူမုန်းများသူ။ မထင်လျှင်မထင်သလို ပိုးစိုးပက်စက်ပြောတတ် ။ ကဗျာရေး၍ဆဲတတ်။အထီးကျန် နေရသည်ကများတယ် လို့ရေးကြပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးကုန်းသွားရတာက အကြီးအကျယ် ဖျားလို့ပါ။
ဆရာမောင်သာနိုးက “အဲသလို ကလေးများဟာ ကာယဘက်ကချို့ငဲ့ နေ
လေတော့ စိတ်ဘက်မှာ သူများထက်သာအောင် ကြိုးစားတတ်ကြတဲ့ အတိုင်း ဗ ဏသစန လည်းဆယ်နှစ်သားမှာ ဖေဘာရာတိယုစ် (Horatius) ရဲ့ လာတင်ကဗျာကို ချဲ့ထွင်ဘာသာပြန်လိုက်တာ အခု solitude ကဗျာ ဖြစ်လာတာပါပဲ။ ဆယ့်ခြောက်နှစ်သားမှာ Pastorals ကဗျာစုကို ရေးထုတ်လိုက်တာ (လက်ရေးနဲ့ရေးပြီးဖြန့်ရတာပါ) နာမည်ရ လာတယ်။” ရေးထားပါတယ်။
ဆရာကြီးနှစ်ယောက်စလုံးကပဲ A Pope ကိုကြိုက်သူရှိသလို မကြိုက်သူလဲရှိတယ်။ သူ့အမူအရာ အပြောအဆိုကိုမနှစ်သက်ကြပေမယ့် သူ့ကဗျာများကိုတော့ နှစ်သက်ကြ ချီးမွမ်းကြတယ်လို့ ရေးထားပါတယ်။
ဆရာကြီးဦးတက်တိုးကတော့ "Solitude"(Quiet Life) ကဗျာကို A Pope
ရဲ့လက်ရာမွန်တစ်ပုဒ်ဖြစ်တယ်လို့ စာပေဝေဖန်ရေးဆရာများက တညီတညွတ်တည်း လက်ခံ
ခဲ့ကြတယ်လို့”ရေးထားပါတယ်။
ဒါပေမယ့် ဆရာမောင်သာနိုးက ကဗျာရဲ့နောက်ဆုံးပိုဒ်ကို ရှင်းပြရာမှာတော့ “ကျုပ်အဲဒီလိုမျိုးနေချင်တယ်။ ကျုပ် လူမြင်သူမြင် မခံချင်ဘူး။ ကျုပ်မကျော်ကြားလိုဘူး။ ကျုပ်သေရင်လည်း ဘယ်သူမှဝမ်းမနည်းစေချင်ဘူး။ လူမသိသူမသိဘဲ ကမ္ဘာပေါ်က လစ်ထွက် သွားပါရစေ။ အုတ်ဂူလည်းမလိုချင်ဘူး။ ကျုပ်ကိုမြှုပ်ထားတဲ့နေရာကို ကျောက်တုံးနဲ့ပြမထားနဲ့ ”။ (ဒါကလေးဘ၀က ဟောရာတိယုစ်ရဲ့ ကဗျာကို ချဲ့ထွင်ဘာသာပြန်ပြီး ရေးခဲ့တာ A Pope ကြီးလာတော့ အင်မတန်ကျော်ကြားလိုသူ၊ ချမ်းသာကြီးပွားလိုသူ၊ သြဇာအာဏာ ငန်းငန်းတက် မက်မောသူ၊ ဖြစ်သွားပါတော့သတဲ့။) လို့ရေးထားပါတယ်။ Quiet life ကဗျာကိုသိပ်ကြိုက်ထားတော့ ကဗျာဆရာ A Pope ကိုလည်းတော်တော်လေး လေးစားကြည်ညိုနေမိပါတယ်။ ဒါပေမယ့် အထက်ကအချက်တွေကို ကြည့်ရင် A Pope ဟာပြစ်မျိုးမှည့်မထင် သူတစ်ယောက်တော့မဟုတ်ဘူး။ သူ့ကဗျာ
တစ်ပုဒ်ထဲမှာသူရေးထားတဲ့အတိုင်းပဲ "To err in human , to forgive divine" ဆိုသလို လူသားပီပီ အမှားအယွင်းရှိဘူးသူပါ။
သူ့အကြောင်းကို တော်တော်လေးတွေးနေမိပြီး Encarta (CD Rom စွယ်စုံ့ကျမ်း)နဲ့ Internet Google တွေမှာ သူ့နာမည်ရိုက်ထည့် သူနဲ့ပက်သက်တာတွေလိုက်ဖတ်ကြည့်တော့ စာတွေ ကဗျာတွေတော်တော်ရေးသားထုတ်ဝေနိုင်ခဲ့တာကို တွေ့ရပါတယ်။ သူ့ကဗျာတွေကို
လည်း ဘာသာစကားပေါင်းများစွာနဲ့ ဘာသာပြန်ခဲ့ကြပါတယ်။
အဲဒီမှာ အတွေးတစ်ခုပေါ်လာပါတယ်။ “လူသားတစ်ယောက်ဟာ သူကွယ်လွန်
သွားပြီဖြစ်ပေမယ့် သူနဲ့ပက်သက်တဲ့ကောင်းမှု ဆိုးမှုတွေဟာ ဆက်ပြီးဖြစ်နေတယ်။ နောက်လူတွေက အဲဒီလူရဲ့ကောင်းမှုဆိုးမှုတွေကို တစ်နည်းနည်းနဲ့ဆက်ပြီးအရှိန်မသေ
အောင် ပိုပြီးဖွံ့ဖြိုးအောင် လုပ်ပေးနေခဲ့ရင် ရောက်ရာဘ၀မှာကောင်းကျိုးဆိုးကျိုး အနည်းအများဆိုသလို ခံစားနိုင်လေမလား” ဆိုတဲ့အတွေးပါပဲ။
ဟော....အခုလဲ ဒီစာအုပ်မှာ သူ့ကဗျာကိုသုံး၊ သူ့အကြောင်းကို ရေးနေမိပြီ။ မြန်မာပြည်မှာ ခေတ်အဆက်ဆက် သူ့ကဗျာကိုကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေမှာ သုံးခဲ့ သုံးဆဲ၊ မြန်မာပြည်သားတွေအများစုကလဲ သူ့ကဗျာထဲကအတိုင်း ရိုးရိုးအေးအေး နေလိုသေလိုကြသူတွေဆိုတော့.......။
A Pope ရေ.....၊ အမျှ အမျှ အမျှ.....၊ လို့ဘဲ အမျှပေးဝေလိုက်ပါတယ်။
A Pope တယောက် ရောက်ရာဘ၀မှာ
"which most does please with meditation" “မှတ်ရှုရာဆင်ခြင်တရားနဲ့ အဆုံးစွန်ပျော်ရွှင်နိုင်ပါစေ....”။ ။
+++++++++

No comments:

Post a Comment